“ဂရာဗန်ဘတ်ချ် နှစ်ဝါတစ်နီ အပြမခံရသင့်ဘူးလို့ ပြောကြားခဲ့တဲ့ လီဗာပူးလ်နည်းပြ အီရာအိုလာ”

13 Oct

လီဗာပူးလ်နည်းပြ အီရာအိုလာက မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်ကစားသမား ဂရာဗန်ဘတ်ချ် အနေနဲ့ နှစ်ဝါတစ်နီ အပြမခံရသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းက ၃ ဂိုးနဲ့ပြတ် ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဂရာဗန်ဘတ်ချ် ထုတ်ပယ်ခံရပြီးနောက်မှသာ သွင်းယူခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အီရာအိုလာ က အနီကတ်အပြမခံရခင်အထိ မိမိတို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းက လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိထားပါတယ်။ လီဗာပူးလ်ကတော့ ဒီပွဲမှာမှ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်ပေမယ့် မန်စီးတီးနဲ့ ၉ မှတ်အကွာ အဆင့်(၉)နေရာကို ရောက်ရှိနေပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .