“ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲ ၂၀၀ ပြည့်ကစားခွင့်ရတဲ့ ကစားသမားအဖြစ် အူပါမယ်ကာနို”

13 Oct

ပြင်သစ်နောက်ခံလူ အူပါမယ်ကာနို ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲ ၂၀၀ ပြည့်ကစားခွင့်ရတဲ့ ပဉ္စမမြောက်ပြင်သစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အူပါမယ်ကာနို ဟာ အော့စ်ဘတ်အသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီး ဘိုင်ယန် မြူးနစ်ကစားသမားဘဝ ပြိုင်ပွဲစုံပွဲ ၂၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အူပါမယ်ကာနို ဟာ ၂၀၂၁ နွေရာသီမှာ လိုက်ပ်ဇစ် ကနေ ဘိုင်ယန်မြူးနစ် ကို ယူရို ၄၂ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၆ ရာသီမြောက်မှာ ပွဲ ၂၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲ ၂၀၀ နဲ့အထက် ကစားခွင့်ရခဲ့တဲ့ တခြားပြင်သစ်ကစားသမားတွေကတော့ ရီဘာရီ ၄၂၅ ပွဲ ၊ ကင်စလေကိုးမန်း ၃၃၉ ပွဲ၊ ဆက်ဂ်ညော ၂၇၇ ပွဲ၊ လီဇာရာဇူး ၂၇၃ ပွဲ တို့ဖြစ်ပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .