“ဘာစီလိုနာအသင်းအတွက် ပွဲအများဆုံးကစားခွင့်ရရှိထားတဲ့ ခွန်ဒဲ”

13 Oct

ဘာစီလိုနာအသင်းရဲ့ နောက်ခံလူ ခွန်ဒဲ ဟာ အသင်းအတွက် ပွဲအများဆုံးကစားခွင့်ရတဲ့ ပြင်သစ် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။ ခွန်ဒဲ ဟာ အခုတစ်ပတ် ယှဉ်ပြိုင်ခဲ့တဲ့ ဂီတာဖေးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ဘာစီလိုနာအသင်း ကစားသမားဘဝ ၁၉၄ ပွဲမြောက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဘီဒယ်လ် ရဲ့ ၁၉၃ ပွဲ စံချိန်ကို ကျော်ဖြတ်ပြီး ဘာစီလိုနာ အသင်းရဲ့ ပွဲအများဆုံးပြင်သစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ တတိယပွဲအများဆုံးပြင်သစ်ကစားသမားကတော့ ၁၈၅ ပွဲကစားခဲ့တဲ့ ဒမ်ဘီလီ ဖြစ်ကြောင်း သိရပါတယ်။ ခွန်ဒဲ ဟာ ဘာစီလိုနာအသင်းကို ၂၀၂၂ နွေရာသီမှာ ဆီဗီလာအသင်းကနေ ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၃၀ အထိ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းက ခွန်ဒဲ ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းက ယူရိုသန်း ၅၀ နှင့်အထက် ရရှိမှရောင်းထုတ်မယ်လို့ စျေးနှုန်းသတ်မှတ်ထား ကြောင်း သိရပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .