“ဟာရီကိန်း ကို သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ”
13 Oct
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာ က အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ကို သက်တမ်းတိုး နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟာရီကိန်း ဟာ ၂၀၂၇ နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိ အချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်းကို ၂၀၃၀ ခုနှစ် အထိ သက်တမ်းတိုးဖို့ စီစဉ်နေပြီး သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်း ကို ၂၀၂၃ နွေရာသီမှာ ဘွန်ဒစ်လီဂါရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရိုသန်း ၁၀၀ အပြင်အပိုဆုကြေးယူရို ၁၀ သန်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဟာရီကိန်း က ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅၅ ပွဲမှာ ၁၅၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြနေတာကြောင့် သက်တမ်းတိုးဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)