“မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားလမ်းတစ်လျှောက်မှာ Night Market ဖွင့်လှစ်မည်”

13 Oct

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားလမ်းတစ်လျှောက်မှာ Night Market ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြစ်ရေကျချိန်ခြောက်သွေ့ကာလမှာ အများပြည်သူအပန်းဖြေ အနားယူနိုင်ရေးအတွက် သီတာရပ်ကွက်၊ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းမှ စီတာပူရပ်ကွက်၊ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းအထိ ဧရာဝတီမြစ်ကမ်းဘေးကမ်းနားတစ်လျှောက်ရှိ ၉ ဧကရှိသော သဲသောင်ခုံနေရာမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ အဆိုပါနေရာကို ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင် က ကြည့်ရှု စစ်ဆေးပြီး အများပြည်သူအပန်းဖြေနိုင်ရေး အဓိကဆောင်ရွက်ခြင်းဖြစ်၍ မြန်မာ့ရိုးရာအစားအစာများ၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားရိုးရာ အစားအစာများကို အဓိကထားရောင်းချရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .