“စစ်တွေမြို့မှာ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုသင်တန်းဖွင့်လှစ်”

13 Oct

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရပ်ရွာလူထုအခြေပြု စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုသင်တန်း ကို အောက်တိုဘာလ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Community Based Mental Health and Psychosocial Support Training ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ သင်တန်းသို့ စစ်တွေမြို့ရှိ စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်ရုံးခွဲမှ ကြက်ခြေနီဝန်ထမ်း ခြောက်ဦးနှင့် စစ်တွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ကိုးဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၇ ရက်မှာ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဘက်စုံသုံးသိုလှောင်ရုံ သင်တန်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် တာဝန်ရှိသူများ၊ စီမံချက် လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းမြသီတာနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .