“ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများအတွက် ထားဝယ်လေဆိပ် ကြိုတင်အဆင့်မြှင့်တင်နေ”

13 Oct

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၁၂ ရက်မွန်းလွဲပိုင်းမှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ထားဝယ်လေဆိပ်ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင် နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဝင်းမင်း တို့က ထားဝယ်လေဆိပ်ဆိုင်ရာ အချက်အလက်များ၊ ထားဝယ်လေဆိပ် အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ထားဝယ်လေဆိပ်နှင့် လေယာဉ် ပြေးလမ်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ အဲဒီနောက်နိုင်ငံတော်သမ္မတကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများအကောင်အထည်ဖော်နေတာကြောင့် ခရီးသည်နှင့် လေယာဉ် ဆိုက်ရောက်ပျံသန်းဝင်ထွက်မှုများ ပိုမိုများပြားလာနိုင်၍ ထားဝယ်လေဆိပ်နှင့် လေယာဉ် ပြေးလမ်းအဆင့်မြှင့်တင်မှုကို ကြိုတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းများဆောင်ရွက်ရာမှာ ရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်များဘေးအန္တရာယ် ကင်းရှင်းစွာဆင်းသက်နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများ စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

13 Oct

ADVERTISE HERE .