“ရေနံနှင့်ရေနံထွက်ပစ္စည်းသိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးရန် အသိပေး”
13 Oct
ရေနံနှင့်ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များကို ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထား၍ သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန်ပါက တစ်ရက်လျှင် လိုင်စင်ကြေး၏ ၂ ရာခိုင်နှုန်းကို ရက်လွန် ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း သတ္တုတွင်းဦးစီးဌာနက အသိပေးထားပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနက ခွင့်ပြုထုတ်ပေးထား တဲ့ ရေနံနှင့်ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များမှာ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံး မှာဖြစ်လို့ လိုင်စင်သက်တမ်းတိုးလိုသူများအနေနဲ့ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထား ကြရမှာဖြစ်ပါတယ်။ ရေနံနည်းဥပဒေများ၏ နည်းဥပဒေ ၁၁၉ အရ လိုင်စင်သက်တမ်းမကုန်ဆုံးမီ နှစ်လကြိုတင်၍ နောင်လာမည့်နှစ်အတွက် သက်တမ်းတိုးလျှောက်ထားရန် သတ်မှတ်ထားကြောင်း သိရပါတယ်။ သတ်မှတ်ရက်ကျော်လွန်ပြီးမှ သက်တမ်းတိုးလျှောက်ထားပါက ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ တစ်ရက်လျှင် သိုလှောင်ခွင့်လိုင်စင်ကြေး၏ ၂ ရာခိုင်နှုန်းကို ရက်လွန်ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်ပြီး လိုင်စင် သက်တမ်းကုန်ဆုံးပြီးနောက် တစ်နှစ်အတွင်း သက်တမ်းတိုးလျှောက်ထားရန် ပျက်ကွက်ပါက လိုင်စင် အလိုအလျောက်ပျက်ပြယ်ပြီး စာရင်းမှ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)