ကုန်ဈေးနှုန်းသတင်း ၁၂.၁၀.၂၀၂၆

12 Oct

အောက်တိုဘာလ ၁၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ မန်ကျည်းသီးဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ပဲစင်းငုံနီ၊ ဘိုကိတ်ပဲနဲ့ ကြက်သွန်နီဈေးတွေကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၁၈,၃၀၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၇,၆၈၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၉၈၀ကျပ်ကနေ ၆,၀၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၆,၆၂၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာ ကို ၄,၅၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၂,၃၄၅ ကျပ်ကနေ ၁၄,၅၁၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၄,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၆၇၅ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈,၁၀၀ ကျပ်ကနေ ၁၀,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (အောင်ပန်း) တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၀၅၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၅,၀၀၀ ကျပ်ကနေ ၂၇၀,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၀၅,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၆၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၉၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၅၁၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၉၅ ကျပ်၊ မန္တလေးမှာ ၄,၇၅၀ ကျပ်၊ နေပြည်တော်မှာ ၄,၇၀၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၇၇၀ ကျပ်၊ မန္တလေး မှာ ၄,၉၂၅ ကျပ်၊ နေပြည်တော်မှာ ၄,၈၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၀၀၀ ကျပ်၊ မန္တလေးမှာ ၅,၁၅၅ ကျပ်၊ နေပြည်တော်မှာ ၅,၁၀၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၅၇၅ ကျပ်၊ မန္တလေးမှာ ၅,၇၃၀ ကျပ်၊ နေပြည်တော်မှာ ၅,၆၈၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၁၀၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၁၃၀,၀၀၀ိ/-) သိန်းတစ်ရာ တစ်သိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

12 Oct

ADVERTISE HERE .