“ဟောင်ကောင်ကို အနိုင်ယူကာ ၂၀၂၇ အာရှယူ-၁၇ အမျိုးသမီးဖလား ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ မြန်မာအသင်း”

12 Oct

၂၀၂၇ အာရှယူ-၁၇ အမျိုးသမီးဖလားခြေစစ်ပွဲအုပ်စု(G)၏ အဆုံးအဖြတ်ပွဲစဉ်အတွင်း မြန်မာအသင်းက ဟောင်ကောင်အသင်းကို ပွဲပြီးချိန်၌ ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါနောက်ဆုံးခြေစစ်ပွဲစဉ်ကို အောက်တိုဘာလ ၁၁ ရက်ညနေ ၄ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ကြ ခြင်းဖြစ်ပါတယ်။ အုပ်စုအတွင်း မြန်မာနှင့် ဟောင်ကောင်အသင်းတို့က ဂူအမ်အသင်းကို ၉ ဂိုးပြတ်စီ အနိုင်ရထားခဲ့လို့ ရမှတ်၊ သွင်းဂိုး၊ ပေးဂိုးနှင့် ဂိုးကွာခြားချက်တို့ တူညီနေပြီး ယခုပွဲရလဒ်ကြောင့် အုပ်စုပထမနေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 008)

12 Oct

ADVERTISE HERE .