“ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ စံချိန်မှတ်တမ်းကောင်းများစွာ ပိုင်ဆိုင်ခဲ့တဲ့ ဟန်ဒါဆန်”
12 Oct
ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ချဲလ်ဆီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ချဲလ်ဆီး ကွင်းလယ်ကစားသမား ဟန်ဒါဆန်အနေနဲ့ စံချိန်မှတ်တမ်းကောင်းများစွာပိုင်ဆိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ဘုန်းမောက်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဟန်ဒါဆန် က ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟန်ဒါဆန် အနေနဲ့ တစ်ပွဲတည်း ဂိုးပါဝင်ပတ်သက်မှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စီရော်နယ်လ်ဒို နောက်ပိုင်း ယခုကဲ့သို့စွမ်းဆောင်နိုင်တဲ့ ဒုတိယအသက်အကြီးဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဟန်ဒါဆန် ဟာ ၂၁ ရာစုအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးနဲ့ ဖန်တီးမှုကို ပွဲချိန်အတွင်း အမြန်ဆုံးပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟန်ဒါဆန်အနေနဲ့ ပွဲအစ ၂ မိနစ်၊ ၂၉ စက္ကန့် အတွင်းမှာပဲ ၁ ဂိုးသွင်းပြီး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယဂိုးကိုလည်း ပြစ်ဒဏ်ဘောကတစ်ဆင့် သွင်းယူပြီး ချဲလ်ဆီးပရိသတ်တွေရဲ့ အားပေးမှုကို ရယူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် ၂ ပွဲသာ ကစားရသေးတဲ့ ဟန်ဒါဆန် ကို နည်းပြ အလွန်ဆို ရဲ့ အဓိကကွင်းလယ်လက်နက်ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူ တချို့က သုံးသပ်ခဲ့ကြပါတယ်။ (NVS 008)