“၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ယူအသင်း”

12 Oct

ပြီးခဲ့တဲ့ စနေနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် မန်ယူအသင်းက စပါးအသင်းကို တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အိမ်ကွင်း ၂ ပွဲဆက် နိုင်ပွဲပျောက်ပြီး ၁ မှတ်သာ ရခဲ့ပါတယ်။ မန်ယူအသင်းက မန်စီးတီးကို ရှုံးနိမ့်ထားသလို စပါးအသင်းကို သရေကျခဲ့တာကြောင့် မန်ယူအသင်းနည်းပြ ကာရစ်အနေနဲ့လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဆိုပါပွဲစဉ်တွေမှာ ပြိုင်ဘက်အသင်းတွေမှ ကစားသမား တွေ ထုတ်ပယ်ခံခဲ့ရပြီးနောက် မန်ယူအသင်းက သွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။ စပါးကွင်းလယ်လူ ဘန်တန်ကာ ၇၈ မိနစ်မှာ ထုတ်ပယ်ခံခဲ့ပေမယ့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးချိန်မှာ ၆ မှတ်သာရရှိခဲ့တဲ့ မန်ယူအသင်းဟာ အဆင့် (၁၂)နေရာမှာ ရပ်‌တည်နေပြီး ‌ဝေဖန်မှုပေါင်းများစွာခံနေရပါတယ်။ (NVS 008)

12 Oct

ADVERTISE HERE .