“လာလီဂါ ၈ ပွဲဆက် အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်း”
12 Oct
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းအနေနဲ့ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါ အဖွင့်ပွဲစဉ် ၈ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ၂၀၁၃-၁၄ ရာသီက နည်းပြ မာတီနိုရဲ့ ဘာစီလိုနာအသင်းက ယခုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ပြီး အခုရာသီရောက်မှ နည်းပြ ဟန်ဆီဖလစ်ရဲ့အသင်းက ရာနှုန်းပြည့်နိုင်ပွဲကို ပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။ ဒီရာသီ လာလီဂါချန်ပီယံဆု အတွက် ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သွင်းဂိုး ၃၄ ဂိုးအထိ ရရှိခဲ့ပါတယ်။ ၁၉၄၀-၄၁ ရာသီနောက်ပိုင်း လာလီဂါသမိုင်းတစ်လျှောက် အကောင်းဆုံးသွင်းဂိုးစံချိန်ဖြစ်ပြီး နည်းပြ ဟန်ဆီဖလစ် ရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးမှုတွေ ရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်အပါအဝင် ဒီရာသီ ၉ ပွဲဆက် ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပြီး ၅ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ပွဲအရေအတွက်က ၅ ပွဲအထိ ရှိခဲ့ပါတယ်။ (NVS 008)
12 Oct