“ဆီးဒေါ့ဖ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ကိုရင်သီယန်အသင်း”
12 Oct
ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရင်သီယန်အသင်းဟာ နယ်သာလန် ဂန္ထဝင်ကစားသမား ဆီးဒေါ့ဖ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ကိုရင်သီယန်အသင်းဟာ ပွဲစဉ် ၃၀ ယှဉ်ပြိုင်ကစားအပြီးမှာ တန်းဆင်းဇုန်အထက် အဆင့်(၁၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၁၇)နေရာကအသင်းနဲ့ အမှတ်တူဖြစ်နေပါတယ်။ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာက အဆင့်(၁၇) ကနေ အဆင့်(၂၀)အထိ အောက်ဆုံး ၄ သင်း တန်းဆင်းရမှာဖြစ်တာကြောင့် ကိုရင်သီယန်အသင်းအနေနဲ့ တန်းဆင်း သွားရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၇ ရက်မှာ ဘရာဇီးလ်နည်းပြ ဖာနန်ဒိုဒီနစ်ဇ် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၁ ရက်မှာ ဆီးဒေါ့ဖ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
12 Oct