“ဂျပန်ရောက် မြန်မာများ ကောင်စစ်ဆိုင်ရာကိစ္စရပ်များလုပ်ဆောင်ရွက်မှာ Application Form ပုံစံ(အသစ်)နဲ့သာ တင်ပြလျှောက်ထားရမည်”
12 Oct
ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြတဲ့ မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်ဖြင့်သော်လည်းကောင်း၊ လက်ခံဆောင်ရွက်လျက်ရှိရာ မြန်မာသံရုံး Website Page တွင် ဖော်ပြထားသည့် Application Form ပုံစံများအား ပြင်ဆင်/ဖြည့်စွက်ထားကြောင်း မြန်မာသံရုံး(တိုကျိုမြို့)က အသိပေးထုတ်ပြန်ထားပါတယ်။ ထပ်မံတင်ပြရန် လိုအပ်တဲ့ စာရွက်စာတမ်းများကို ဝက်ဆိုဒ်မှာ အစိမ်းရောင်ဖြင့် ဖော်ပြထားကြောင်း အသိပေးထားပါတယ်။ဒါကြောင့် အောက်တိုဘာ ၁၀ ရက်မှ စတင်ပြီး မြန်မာသံရုံး၏ Website တွင် ဖော်ပြထားသည့် Application Form ပုံစံ(အသစ်)ဖြင့်သာ တင်ပြလျှောက်ထားရမည်ဖြစ်ပါကြောင်း သိရပါတယ်။ (NVS 008)
12 Oct