“ဧရာဝတီတိုင်းဒေသကြီးမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မီးဘေးအန္တရာယ်မဖြစ်စေရေးအသိပညာပေး”

12 Oct

အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် မီးဘေးအန္တရာယ်များမဖြစ်ပေါ်စေရေးအတွက် အသိပညာပေးမှုများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း၌လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်အတွင်း မီး‌ဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အောက်တိုဘာလ ၁၀ ရက်နံနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ငပုတောမြို့နယ်နှင့် ကြံခင်းမြို့နယ်တို့မှာ စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးသတိပေးနှိုးဆော်ခြင်းကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၉ ရက်ညပိုင်းတွင် အသံချဲ့စက်များဖြင့်လိုက်လံအသိပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

12 Oct

ADVERTISE HERE .