“မမြရေလှောင်တမံကို စက်ယန္တရားများအသုံးပြုကာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိ”

12 Oct

တမံအိလျောမှုဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ "မမြ"ရေလှောင်တမံ ကာကွယ် ထိန်းသိမ်းမှုလုပ်ငန်းများကို စက်ယန္တရားအင်အား၊ လူအင်အားများနဲ့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ "မမြ"ရေလှောင်တမံ အရေးပေါ်ရေပိုလွှဲကို မြေတူးစက် ၁ စီးနဲ့ ၃၁၂ ပေမှ ၃၀၇ ပေသို့ ထပ်မံနှိမ့်ချ၍ ရေလျှော့ ချနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး တမံအိလျောကျမှုအားကာကွယ်ထိန်းသိမ်းနိုင်ရန် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံတာအောက်ခြေကို ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေတူးစက် ၃ စီး၊ မြေထိုးစက် တစ်စီး၊ မြေသယ်ယာဉ် ၇ စီးတို့နဲ့လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ရေထုတ်ပြွန်မှ ရေတံခါး ၂ ပေါက်နဲ့ ပျမ်းမျှ ၄၀၀ ကုဗပေ/စက္ကန့်နှုန်းခန့်နဲ့ ထုတ်လွှတ်ခြင်း၊ တမံ၏ အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံအိလျောနေရာတစ်လျှောက်မှာ မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်း ရိုက်ခတ်ခြင်းဒဏ်မခံရစေရန် မိုးကာရေဖျင်များ စနစ်တကျအုပ်မိုးကာကွယ်ခြင်းနှင့် "မမြ"ရေလှောင်တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေဝါချောင်းအတွင်း ရေထုတ်လွှတ်ခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

12 Oct

ADVERTISE HERE .