“ရန်ကုန်မြို့တွင်း သတ်မှတ်နေရာမှ လမ်းဖြတ်ကူးခြင်းမရှိသူများကို စတင်အရေးယူမည်”
12 Oct
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်ထားတဲ့ နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို အောက်တိုဘာလ ၁၂ ရက်မှစတင်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာ ထားပါတယ်။ အဆိုပါကြေညာချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်သွားလာသူများ အနေနဲ့ လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားတဲ့ မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာများမှသာ စည်းကမ်းတကျ ဖြတ်ကူးကြရမှာဖြစ်ပါတယ်။ အခုလို သတ်မှတ်ထားတဲ့နေရာများမှ ဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ရန်ကုန်မြို့အတွင်း ခြေလျင်သွားလာသူများအနေနဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးအတွက် သတ်မှတ်ထားတဲ့နေရာများမှသာ စည်းကမ်းတကျ လမ်းဖြတ်ကူးကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထားပါတယ်။ (NVS 008)