“ယူကရိန်းအနေဖြင့် ဇာလန်စကီ ၏နေရာကို အစားထိုးသင့်ဟု ထရမ့်ပြော”

12 Oct

ယူကရိန်းနိုင်ငံအနေဖြင့် သမ္မတဇာလန်စကီ ၏နေရာကို အစားထိုးသင့်ကြောင်း၊ ဇာလန်စကီ သည် ရုရှား နိုင်ငံနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ငြင်းပယ်ခဲ့သည့်အပြင် ၎င်းကြောင့်ပင် တစ်ကမ္ဘာလုံးဆိုင်ရာ ဒီဇယ် ဆီပြတ်လပ်မှုကို ဖြစ်ပွားစေခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလ ၁၀ ရက် တွင် အိမ်ဖြူတော်ပြင်ပ၌ သတင်းထောက်များကိုပြောသည်။ ယခုအချိန်သည် ယူကရိန်းနိုင်ငံအနေဖြင့် သမ္မတ အသစ်ကို ရွေးချယ်တင်မြှောက်ဖို့ အချိန်ရောက်နေပါပြီ။ ယခုဖြစ်နေသည့်စစ်ပွဲကို ဖြေရှင်းနိုင်ရန်အတွက် သူ့အနေ ဖြင့် အခွင့်အရေးအကြိမ်ကြိမ်ရခဲ့ကြောင်း၊ တကယ့်ကိုအကြိမ်ကြိမ်ဖြစ်ကြောင်း။ သို့ပေမယ့် သူအနေဖြင့် စစ်ပြေငြိမ်းဖို့လမ်းကြောင်းကို မရွေးချယ်ခဲ့ကြောင်း ထရမ့် ကပြောသည်။ ထို့ပြင် ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံရှိ ရေနံချက်စက်ရုံများမှလွဲ၍ အခြားအရာများအပေါ် စိတ်တိုင်းကျ လုပ်ဆောင်နိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးခဲ့သော်လည်း ဇာလန်စကီအနေဖြင့် အဆိုပါ သတိပေး ချက်ကို လျစ်လျူရှုခဲ့ကြောင်း၊ ထိုသို့လျစ်လျူရှုခဲ့သည့်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာကိုသာ ဖြစ်စေခဲ့ခြင်း ဖြစ်ကြောင်း၊ ဇာလန်စကီသည် ကမ္ဘာကြီးအတွက် ပြဿနာများကိုသာဖန်တီးလိုသူဖြစ်ကြောင်း ထရမ့်က ပြော သည်။ ဇီလန်စကီ၏သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း ထိုအချိန်မှစ၍ ရွေးကောက်ပွဲကျင်းပခြင်းမရှိဘဲ အာဏာကို ဆက်လက်ထိန်းချုပ်ထားခြင်းဖြစ်သောကြောင့် အမှန်တကယ် ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးရမည်ဆိုလျှင်ပင် ထိုးနိုင်မည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

12 Oct

ADVERTISE HERE .