“(၁၅၆)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ”
10 Oct
(၁၅၂)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၉ ရက် မွန်းလွဲပိုင်း တွင် နေပြည်တော်၌ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါတယ်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ယခုနှစ် ကမ္ဘာ့စာတိုက်နေ့ဆောင်ပုဒ်သည် “တစ်ခုတည်းသော စာပို့ကွန်ရက်၊ အကန့်အသတ်မဲ့ အခွင့်အလမ်းများ” (ONE POSTAL NETWORK, INFINITE POSSIBILITIES)ဖြစ်ပြီး စာပို့လုပ်ငန်းသည် လူတစ်ဦးချင်းစီ အချင်းချင်းချိတ်ဆက်ပေးခြင်းမှသည် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုများကို ပေးအပ်ခြင်းအထိ ကမ္ဘာတစ်ဝန်းရှိ အခွင့်အလမ်းသစ်များဆီသို့ တံခါးဖွင့်လှစ် ပေးလျက်ရှိသည်ကို ဆိုလိုကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်း၏ ရည်မှန်းချက်ဖြစ်သည့် “လူတိုင်းအတွက် မြန်မာ့ စာတိုက်(Myanmar Post for Everyone)”ဟူသည့် ရည်မှန်းချက်နှင့်အညီ မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် စာပို့ကွန်ရက်ကို နည်းပညာအဆင့်မြှင့်တင်ပြီး လုပ်ငန်းသစ်များထပ်မံတိုးချဲ့ကာ ဝန်ဆောင်မှုအသစ်များ ဆောင်ရွက် လျက်ရှိကြောင်း၊ နောင်တွင်လည်း မြန်မာတစ်နိုင်ငံလုံးရှိ စာတိုက်ရုံးပေါင်း ၈၀၀ ကျော်ဖြင့် ဖြန့်ကြက်ချိတ်ဆက် ထားသည့် အကြီးမားဆုံးစာတိုက်ကွန်ရက်ကို အသုံးပြု၍ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုနိုင်မည့် ဝန်ဆောင်မှု ကောင်းများပေးနိုင်ရေး ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)