“အပြောင်းအရွှေ့ပျက်ပြယ်ပြီးနောက် ကာလရှည်လက်တွဲလာတဲ့ အေးဂျင့်နဲ့ လမ်းခွဲခဲ့တဲ့ အယ်လ်ဗာရက်စ်”

10 Oct

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အသင်းအပြောင်းအလဲ သတင်းတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ် က အပြောင်းအရွှေ့ နှစ်ရှည်လက်တွဲခဲ့တဲ့ အေးဂျင့်နဲ့ တရားဝင်လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အယ်လ်ဗာရက်စ် ဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ခွင့်အား လူသိရှင်ကြား ထုတ်ပြောခဲ့တာကြောင့် အက်သလက်တီကိုအသင်း ဘုတ်အဖွဲ့ဝင်တွေ အတော်လေး ဒေါသထွက်ခဲ့ရပါတယ်။ ဘာစီ လိုနာဘက်က ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့လည်း အက်သလက်တီကိုအသင်းက စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၅၀၀ ရရှိမှသာ လက်ခံနိုင်မှာဖြစ်ကြောင်း ပြန်ကြားခဲ့လို့ ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းရဲ့ အမှုဆောင်အရာရှိချုပ် မီဂွယ်လ် အိန်ဂျယ်လ် ဂီလ်မာရင် က အယ်လ်ဗာရက်ဇ် ရဲ့နောက်ကွယ်က အေးဂျင့်အဖွဲ့ဟာ ကစားသမားကို လမ်းမှားရောက်အောင် သွေးထိုးလှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .