“တိုင်ဆန်ဖျူရီ နှင့် ဂျော့ရှုအာ တို့ရဲ့ပွဲစဉ် လက်မှတ်များအားလုံး တစ်နာရီအတွင်း ရောင်းချနိုင်ခဲ့”

10 Oct

ဒီဇင်ဘာလ ၁၁ ရက် ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့မှာယှဉ်ပြိုင်မယ့် ဗြိတိန်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း နှစ်ဦးဖြစ်တဲ့ တိုင်ဆန်ဖျူရီ နဲ့ ဂျော့ရှုအာ တို့ရဲ့ ပွဲစဉ်အတွက် လက်မှတ်များအားလုံးကို တစ်နာရီအတွင်း ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲအတွက် လက်မှတ်တွေရဲ့ အနိမ့်ဆုံးဈေးက ၈၈ ပေါင် ဖြစ်ပြီး အမြင့်ဆုံးလက်မှတ် ဈေးနှုန်းမှာ ၁၃,၁၂၈ ပေါင် ဖြစ်ပါတယ်။ ၎င်းပွဲစဉ်ကို Netflix ကနေ ကမ္ဘာတစ်ဝန်းလုံးသို့ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး လက်မှတ်ပေါင်း ၈ သောင်းခန့်ကို သောကြာနေ့ ဗြိတိန်စံတော်ချိန် နေ့လယ် ၁၂ နာရီမှာ စတင်ရောင်းချခဲ့ပါတယ်။ ရောင်းချပြီး မိနစ်ပိုင်းအတွင်းမှာပဲ လူပေါင်း ၅ သိန်းကျော်က အွန်လိုင်းတန်းစီစနစ်မှာ စောင့်ဆိုင်း၍ ဝယ်ယူခဲ့ကြ ပါတယ်။ ဝယ်ယူထားတဲ့လက်မှတ်တွေကို တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဝက်ဘ်ဆိုက်တွေမှာလည်း လျင်မြန်စွာ တွေ့ရှိခဲ့ရပြီး လက်ဝှေ့ကြိုးဝိုင်းနဲ့ အနီးဆုံးနေရာ VIP နေရာများအတွက် ပေါင် ၇ သောင်းကျော်နဲ့ ကြေညာထားသလို အပေါ်ထပ်နေရာတွေအတွက်ကိုတော့ ၄၂၅ ပေါင်နဲ့ ဝယ်ယူနိုင်ကြောင်း ကြေညာထားခဲ့ပါတယ်။ ဗြိတိန် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းနှစ်ယောက်ရဲ့ ရင်ဆိုင်မယ့်ပွဲစဉ်ကို ပရိသတ်တွေက နှစ်ကာလရှည် စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .