“လာမင်း ကာမာရာ အတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်သတ်မှတ်လိုက်တဲ့ မိုနာကိုအသင်း”

10 Oct

မိုနာကိုအသင်းက ချဲလ်ဆီးအသင်းက ခေါ်ယူရန်စောင့်ကြည့်နေတဲ့ လူငယ်ကစားသမား လာမင်း ကာမာရာ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၇၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် လာမင်း ကာမာရာ ကို ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ယူရို ၅၅ သန်းနဲ့ ခေါ်ယူရန်နီးစပ်ခဲ့သော်လည်း မိုနာကိုအသင်းဘက်က ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ အခုလို မိုနာကိုအသင်းရဲ့ တိုးမြှင့်လိုက်တဲ့ပြောင်းရွှေ့ကြေးကို ချဲလ်ဆီးအသင်းဘက် ပေးချေလိုခြင်းမရှိပေမဲ့ ကွင်းလယ် ကြယ်ပွင့်အဖြစ် သတ်မှတ်ထားတဲ့ လာမင်း ကာမာရာ ရဲ့ ခြေစွမ်းတိုးတက်မှုကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အင်္ဂလန်ကိုပြောင်းရွှေ့ခွင့် လွဲချော်ခဲ့ပေမဲ့ ပြင်သစ်မြေမှာ အဆင့်အတန်းမြင့်တဲ့ ခြေစွမ်းကို ဆက်လက်ပြသထားနိုင်ဆဲဖြစ်ပါတယ်။ လာမင်းကာမာရာ ကို ချဲလ်ဆီးအသင်းသာမက လီဗာပူးလ်၊ နယူးကာဆယ်၊ ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့စ် စတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းတွေကပါ ခေါ်ယူနိုင်ရေး စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .