“ရာယန်ချာကီ ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၇၆ သန်း သတ်မှတ်လိုက်တဲ့ မန်စီးတီး”

10 Oct

မန်စီးတီးအသင်းက ကွင်းလယ်တိုက်စစ်ကစားသမား ရာယန်ချာကီ ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၇၆ သန်းအဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားကို လက်ရှိအချိန်မှာ ဥရောပကလပ်အသင်းများ ဖြစ်တဲ့ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ လီဗာပူး စတဲ့ အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ရာယန်ချာကီ ဟာ မန်စီးတီးအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၆၄ ပွဲကစားပြီး ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဥရောပကလပ်အသင်း များက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း ရာယန်ချာကီ အတွက် သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည့် မည်သည့်အသင်းကိုမဆို ရောင်းချသွားဖို့ ရှိနေပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .