“ဝေဖန်မှုများအပေါ် မန်စီးတီးအသင်းသားများ ဂရုစိုက်မည်မဟုတ်ကြောင်း နည်းပြ မာရက်စကာ ပြောကြား”

10 Oct

မန်စီးတီးအသင်းအပေါ် စွဲချက်ပေါင်း ၁၁၅ ခု စွဲဆိုထားမှုမှ အများစုမှာ အပြစ်ရှိကြောင်း သတ်မှတ်ခံရပြီး နောက်ပိုင်း ဝေဖန်ပြောဆိုမှုတွေကို အသင်းသားတွေက ဂရုစိုက်နေမှာမဟုတ်ဘဲ မိမိတို့အကြားမှာ ကောင်းမွန်တဲ့ ခံစားချက် ရှိနေတယ်လို့ မန်စီးတီးနည်းပြ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်က မန်စီးတီးအသင်းကို စပွန်ဆာတွေနဲ့ အတုအယောင်စာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး ၉ ရက်အကြာမှာ မန်စီးတီးအသင်းက လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်လည်စတင်ခဲ့ပါတယ်။ နည်းပြ မာရက်စ်ကာ က လက်ရွေးစင်အသင်းကနေ ပြန်ရောက်လာတဲ့ ကစားသမားတွေကို ကလပ်အသင်းရဲ့ အခြေ အနေနဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသင်းကြုံတွေ့နေရတဲ့ အကျပ်အတည်းက ကစားသမား တွေရဲ့ စိတ်ဓာတ်နဲ့ အာရုံစူးစိုက်မှုကို ထိခိုက်စေတာမရှိဖို့ တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။ အသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတာကြောင့် ကစားသမားတွေ စိတ်အားထက်သန်နေပြီး လာမယ့် ပွဲစဉ်တွေအတွက်လည်း အာရုံစူးစိုက်မှုအပြည့်ရှိနေကြောင်း နည်းပြ မာရက်စ်ကာ က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။(NVS 008)

10 Oct

ADVERTISE HERE .