“အသင်းပိုင်ရှင်များက အဲဗာတန်အသင်းကို ရောင်းချရန်စဉ်းစားနေ”
10 Oct
အဲဗာတန်အသင်းပိုင်ရှင်များက အသင်းကိုဝယ်ယူပြီး ၂ နှစ်အကြာမှာ ပြန်လည်ရောင်းချရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန် စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ The Friedkin Group ဟာ ၂၀၂၄ ခုနှစ်မှာ အဲဗာတန်အသင်းကို ပေါင် သန်း ၄၀၀ ကျော်နဲ့ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အသင်းကို တည်ငြိမ်မှုရှိအောင် ပြုလုပ်နိုင်ခဲ့သလို ကွင်းသစ် ကိုလည်း အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပြီးနောက် အဲဗာတန်အသင်းပိုင်ရှင်များက အသင်းကို ပြန်လည်ရောင်းချရန် သင့်လျော်တဲ့အချိန်ဖြစ်လို့ ရောင်းချသွားရန် စဉ်းစားဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများက ဖော်ပြ ခဲ့ပါတယ်။ အဲဗာတန်အသင်းကို The Friedkin Group စတင်ဝယ်ယူချိန်မှာ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေက တည်ငြိမ်မှုမရှိသလို အသင်းရဲ့ ကွင်းတွင်း၊ ကွင်းပြင်မှာပါ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပြီး အသင်း အနာဂတ်အတွက် လိုအပ်တဲ့တည်ငြိမ်မှုရရှိအောင် ဦးစားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)