“မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ပါက အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိတဲ့ စပါးနည်းပြ ဒီဇယ်ဘီ”
10 Oct
မန်ယူကို စပါးအသင်းက ရှုံးနိမ့်ခဲ့ပါက နည်းပြ ဒီဇယ်ဘီ အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ကြောင်း ဘောလုံးအစီအစဉ်တင်ဆက်သူ အလန်ရှီးယား က ပြောကြားခဲ့ပါတယ်။ ယနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူနဲ့ စပါးအသင်းတို့က အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ကစားရမှာဖြစ် ပါတယ်။ ယခုပွဲစဉ်က နည်းပြနှစ်ဦးစလုံးအတွက် သက်ရောက်မှုကြီးမားကာ စပါးအသင်းအတွက် ပိုအရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ စံချိန်တင်ငွေကြေးသုံးခဲ့ပေမဲ့ စပါးအသင်းအနေနဲ့ ရလဒ်တွေဆိုးရွား နေခဲ့ပြီး နိုင်ပွဲမရသေးသလို ကွင်းတွင်းခြေစွမ်းကလည်း ဝေဖန်စရာတွေဖြစ်နေခဲ့လို့ ယခုပွဲစဉ်က နည်းပြ ဒီဇယ်ဘီ ရဲ့ အနာဂတ်အတွက် သက်ရောက်မှုတွေရှိလာနိုင်ကြောင်း အလန်ရှီးယား က သုံးသပ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ စပါးအသင်းက ရမှတ် ၂ မှတ်သာ ရရှိခဲ့ပြီး အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။(NVS 008)