“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်လှစ်အခမ်းအနား တက်ရောက်”
10 Oct
(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၉ ရက် နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် ခဲ့ပြီး ပြပွဲအတွင်းရောင်းချရန် ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို ကြည့်ရှုခဲ့ ပါတယ်။ နိုင်ငံတော်သမ္မတက အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ (၆၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျကအတွဲများနှင့် ပုလဲအတွဲများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ပြပွဲတွင် ပုလဲအတွဲများအတွက်ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့်သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် ပုလဲအတွဲပေါင်း ၇၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၃,၀၇၃ တို့ကို ပြည်တွင်း/ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ရောင်းချပေးသွားမှာဖြစ်ပြီး မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများကိုလည်း ဖွင့်လှစ်ပြသရောင်းချပေးလျက်ရှိပါတယ်။ ပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထာပြီး ငွေပေးချေမှုတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးချေကာ ပြည်တွင်းရတနာ ကုန်သည်များက ကျပ်ငွေဖြင့်ပေးချေနိုင်ကြောင်း သိရပါတယ်။ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပါတယ်။ (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ ၉ ရက်မှ ၁၇ ရက်အထိ ခင်းကျင်း ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)