“ဂိုးသမား နူးအာ နေရာ အစားထိုးဖို့ ဂိုးသမားသစ်များရှာဖွေနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း”
09 Oct
ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းခေါင်းဆောင် ဂိုးသမား နူးအာ နေရာအစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေ နေရာမှာ နယူးကာဆယ်အသင်းရဲ့ အင်္ဂလန်ဂိုးသမား နစ်ပုပ် လည်း ပါဝင်နေကြောင်း သိရပါတယ်။ ဂျာမန်ဂိုးသမား နူးအာ က ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လမ်းခွဲဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းက အစားထိုးခေါ်ယူဖို့အတွက် ဂိုးသမားအတော် များများကို ပစ်မှတ်ထားနေရာမှာ လေနို၊ ကီဗင်ထရပ်၊ ရူအီဆေးလ်ဗား တို့နဲ့အတူ နစ်ပုပ် လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၀ ပွဲကစားခွင့်ရထားတဲ့ နစ်ပုပ် က နယူးကာဆယ်အသင်းနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ နစ်ပုပ် က ပြီးခဲ့တဲ့ရာသီအထိ နယူးကာဆယ်အသင်းရဲ့ ဦးစားပေးဂိုးသမား ဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ဂိုးသမားသစ် ဟော်နီဆက်ခ်က ဦးစားပေးဂိုးသမား ဖြစ်သွားပါတယ်။ (NVS 008)