“ဖီဖာကမ္ဘာ့အဆင့်ထုတ်ပြန်မှုမှာ ထိပ်ဆုံးအဆင့်မှာ ဆက်လက်ဦးဆောင်နေတဲ့ စပိန်အသင်း”

09 Oct

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အောက်တိုဘာလ ကမ္ဘာ့အဆင့်ထုတ်ပြန်မှုမှာ စပိန်အသင်းက ထိပ်ဆုံး နေရာမှာ ဆက်လက်ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်း လက်ရွေးစင်အသင်းတွေရဲ့ ဘောလုံးပွဲတွေ ယှဉ်ပြိုင်ကစားခဲ့ပြီး နောက် ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်အသစ်ကို အောက်တိုဘာလ ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ Nations League ပြိုင်ပွဲမှာ ၄ ပွဲစလုံး အနိုင်ရခဲ့တဲ့ စပိန်အသင်းက ဖီဖာကမ္ဘာ့အဆင့် နံပါတ်(၁)နေရာမှာ ဆက်လက်ရပ်တည် နိုင်ခဲ့ပြီး စပိန်နည်းတူ ရာနှုန်းပြည့်အနိုင်ရခဲ့တဲ့ ပေါ်တူဂီအသင်းက အဆင့်နှစ်ဆင့်မြင့်တက်ကာ နံပါတ် (၅) နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဖီဖာကမ္ဘာ့အဆင့် ထိပ်ဆုံး ၁၀ ၂သင်းစာရင်းက အပြောင်းအလဲမရှိခဲ့ဘဲ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းရဲ့နောက်မှာ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘရာဇီးလ်၊ မော်ရိုကို၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နဲ့ မက္ကဆီကိုတို့ အစဉ်လိုက်ရပ်တည်နေပါတယ်။ (NVS 008)

09 Oct

ADVERTISE HERE .