“မန်စီးတီး - PSG ချန်ပီယံလိဂ်ပွဲကို သွားရောက်ကြည့်ရှုမယ့် ဂွါဒီယိုလာ”

09 Oct

မန်စီးတီးအသင်းရဲ့ နည်းပြဟောင်း ဂွါဒီယိုလာ ဟာ အခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် မန်စီးတီး - PSG ချန်ပီယံလိဂ်ပွဲကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။ ဂွါဒီယိုလာ ဟာ မန်စီးတီးအသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးအသင်းရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့ မှုကြောင့် လက်ရှိအချိန်မှာ အရေးယူအပြစ်ပေးမှုခံရတော့မယ့် အခြေအနေဖြစ်ပြီး ဂွါဒီယိုလာ က အသင်းဟောင်း ဘက်မှာ ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို သွားရောက်ကြည့်ရှုဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ ခက်ခဲတဲ့ ပွဲစဉ်နှစ်ပွဲကို ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြသစ် မာရက်စကာ ရဲ့ ဦးဆောင်မှုအောက်မှာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် အနိုင်ရရှိထားကြောင်း သိရပါတယ်။ (NVS 008)

09 Oct

ADVERTISE HERE .