“ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့အတည်ပြုကြေညာခဲ့တဲ့ စပါးကစားသမားဟောင်း ဗီဂါ”
09 Oct
စပါးအသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ဖူးတဲ့ ဆွစ်ဇာလန်လက်ရွေးစင် နောက်ခံလူဟောင်း ရာမွန်ဗီဂါ က လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ ဗီဂါ က ဆဲလ်တစ်အသင်းနဲ့ ဝက်ဖို့ဒ်အသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး စပါးအသင်းမှာတော့ ၁၉၉၇ ကနေ ၂၀၀၁ အထိ ကစားခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီးချိန်ကတည်းက စီးပွားရေးသမားအဖြစ် ရပ်တည် နေခဲ့တဲ့ ဗီဂါ က ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အတည်ပြုခဲ့တဲ့ ပထမဆုံးလူပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဗီဂါ က ၂၀၁၅ ခုနှစ် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာကတည်းက ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 008)
09 Oct