“မကွေးလေဆိပ်မှ ပြည်တွင်းလေကြောင်းခရီးစဉ်များ တစ်ပတ်ကို နှစ်ရက် ပျံသန်းပြေးဆွဲပေးနေ”

09 Oct

‎ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ လေဆိပ်ကနေ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို တစ်ပတ်မှာ နှစ်ရက် ပုံမှန်ပျံသန်းပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။ မကွေးလေဆိပ်ကနေ ပျံသန်းပြေးဆွဲပေးနေတဲ့ လေကြောင်းခရီးစဉ်တွေမှာ မကွေး-ရန်ကုန်၊ မကွေး-နေပြည်တော် ၊ မကွေး-မန္တလေး ၊ မကွေး-ဟဲဟိုး စတဲ့ခရီးစဉ်များ ဖြစ်ပါတယ်။ ‎ရန်ကုန်-မကွေး ခရီးစဉ်ကိုအပတ်စဉ် တနင်္လာနေ့မှာ ပျံသန်းပြေးဆွဲနေပြီး မကွေး-ရန်ကုန် ခရီးစဉ်ကို အပတ်စဉ်ကြာသပတေးနေ့မှာ ပျံသန်းပြေးဆွဲပေးခဲ့ ပါတယ်။ ဒါ့အပြင် မကွေး-ဟဲဟိုး ခရီးစဉ်ကို အပတ်စဉ် ကြာသပတေးနေ့ ၊ နေပြည်တော်-မကွေး ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့၊ မကွေး-မန္တလေး ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့တွေမှာ ပျံသန်းပြေးဆွဲနေကြောင်း သိရပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ ခရီးစဉ်ရက်၊ လေယာဉ်ထွက်ချိန် နဲ့ လက်မှတ် ရရှိနိုင်မှု အခြေအနေတွေကို သက်ဆိုင်ရာ လေကြောင်းလိုင်း တာဝန်ရှိသူတွေထံ ကြိုတင်စုံစမ်းမေးမြန်းပြီး ခရီးစဉ်တွေကို အဆင်ပြေချောမွေ့စွာစီစဉ်နိုင် တယ်လို့လည်း သိရပါတယ်။ (NVS 008)

09 Oct

ADVERTISE HERE .