“ပဲတီစိမ်းများ ဈေးပိုရရှိခဲ့တာကြောင့် GBS Company မှ တောင်သူများကို အကျိုးအမြတ်ပြန်လည်ခွဲဝေပေး”
09 Oct
GBS Company မှ တောင်သူများကို အကျိုးအမြတ်ပြန်လည်ခွဲဝေပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ အားကစားခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့တဲ့ ပဲတီစိမ်းများမှာ ဓာတုဓာတ်ကြွင်းပါဝင်မှုက သတ်မှတ်စံချိန်စံညွှန်းထက် လျော့နည်းခဲ့သဖြင့် ဈေးနှုန်းပိုမိုရရှိခဲ့ရာမှ ရရှိလာတဲ့အကျိုးအမြတ်များအနက် ကျပ်သိန်း ၂,၀၀၀ နီးပါးကို ဂွတ်ဘရားသား (GBS)ကုမ္ပဏီက တောင်သူများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများထံ ပထမဆုံးအကြိမ် ပြန်လည်ခွဲဝေပေးခဲ့ကြောင်း သိရပါတယ်။ GBS ကုမ္ပဏီက ၂၀၂၆ ခုနှစ်ပဲတီစိမ်းရာသီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းနှင့် သုံးခွဒေသတို့မှထွက်ရှိတဲ့ ပဲတီစိမ်းများကို ဝယ်ယူ၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပဲတီစိမ်းများမှာ ဓာတုဓာတ်ကြွင်း ပါဝင်မှုက သတ်မှတ်ထားတဲ့ ပမာဏထက် လျော့နည်းခဲ့သဖြင့် ဈေးနှုန်းပိုမိုရရှိခဲ့ပြီး ယင်းမှရရှိလာတဲ့ အကျိုးအမြတ် များအနက် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ နီးပါးနှင့် ညီမျှတဲ့ မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ နီးပါးကို တောင်သူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို ပြန်လည်ခွဲဝေပေးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)