“ငမိုးရိပ်တမံမှာ ရေကျော်မှုမရှိစေရန် Shutter များတပ်ဆင်ပြီးစီး”
09 Oct
ငမိုးရိပ်တမံမှာ ရေပေးဝေရေးရာသီအတွက် လိုအပ်တဲ့ရေကို စုဆောင်းထားရှိပြီးဖြစ်သဖြင့် ရေပြည့်မှတ်ထက် ပိုမိုသိုလှောင်နိုင်ရန် ရေပိုလွှဲမှာ Shutter များ တပ်ဆင်ထားပြီး ရေပိုလွှဲမှ ရေကျော်မှုမရှိတော့ကြောင်း သိရပါတယ်။ လက်ရှိမှာ သောက်သုံးရေအတွက်သာ ရေဖြန့်ဝေပေးနေပြီး အောက်တိုဘာလ ၇ ရက် နံနက် ၆ နာရီ တိုင်းတာချက်အရ ငမိုးရိပ်ရေမှတ်မှာ ၁၀၈ ဒသမ ၃၀ ပေ၊ မဟူရာရေမှတ် ၂၁၆ ဒသမ ၈၀ ပေ၊ ပေါင်းလင်းရေမှတ် ၁၈၉ ဒသမ ၉၅ ပေ ရှိနေကြောင်း သိရပါတယ်။ လက်ရှိအခြေအနေမှာ မဟူရာတမံ ရေပိုလွှဲမှ ရေ သုည ဒသမ ၈၀ ပေကျော် လွန်နေပြီး ရေစီးဆင်းနှုန်းမှာ တစ်စက္ကန့်လျှင် ၆၆ Cu/sec ရှိပါတယ်။ လဂွမ်းပြင်တမံတွင် သုည ဒသမ ၅၅ ပေ၊ ကလီထော်တမံတွင် ၁ ဒသမ ၃၀ ပေ ရေပိုလွှဲမှ ကျော်လွန်နေပြီး ပေါင်းလင်းတမံမှာ ရေပြည့်မှတ်ရောက်ရန် သုည ဒသမ ၀၅ ပေသာလိုအပ်နေကြောင်း အသိပေးထားပါတယ်။ ပြည်သူများအနေနဲ့ ငမိုးရိပ်တမံမှာ ရေပေးဝေရေးရာသီ အတွက် ရေကို စုဆောင်းထားရှိပြီးဖြစ်တဲ့အပြင် ရေပိုလွှဲမှရေကျော်မှုမရှိစေရန် Shutter များ တပ်ဆင်ထိန်းချုပ်ထားရှိ ကြောင်း သိရှိနိုင်ရန် အသိပေးထားပါတယ်။ (NVS 008)