“ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ခဲ့တဲ့အိမ်ထောင်စုများကို အသုံးအဆောင်ပစ္စည်းများထောက်ပံ့”

09 Oct

ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြိုကျခဲ့တဲ့ အိမ်ထောင်စု ၆ စုနှင့် ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅ စု၊ စုစုပေါင်း အိမ်ထောင်စု ၂၁ စုကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က အောက်တိုဘာလ ၈ ရက်မှာ စားနပ်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်က ဖြစ်ပွားခဲ့သော ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြိုကျခဲ့တဲ့ အိမ်ထောင်စု ၆ စုအတွက် တစ်စုလျှင် ကျပ် ၅ သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာ၊ အိမ်သုံးပစ္စည်းနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၁၅ စုအတွက် တစ်စုလျှင် ကျပ် ၃ သိန်းတန်ဖိုးရှိ အိမ်သုံးပစ္စည်းနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့မှုမှာ အိမ်ထောင်စု ၂၁ စုအတွက် စုစုပေါင်း ကျပ် ၇၅ သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း သိရပါတယ်။ (NVS 008)

09 Oct

ADVERTISE HERE .