“ဆီနီဂေါနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံများဖြစ်ပွားနေသဖြင့် ရေဘေးသတိပေးချက် ထုတ်ပြန်”

09 Oct

ဆီနီဂေါနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး အောက်တိုဘာလပထမပတ်မှစတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် အောက်တိုဘာလ ၈ ရက်တွင် ရေဘေးသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ ဆီနီဂေါ မိုးလေဝသဌာန၏မှတ်တမ်းများအရ ရာနရူးမြို့တွင် မိုးရေချိန် ၁၄၂ မီလီမီတာထိရွာသွန်းခဲ့ပြီး ဒါကာမြို့ ယော့ဖ် ဒေသတွင်လည်း ၁၃၈ မီလီမီတာထိ မိုးရွာသွန်းခဲ့ကြောင်း၊ ထိုသို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးရေလာ စနစ်များပျက်စီးကာ ရေကြီးမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ရေကြီးရေလျှံမှုများကြောင့် ကယ်ဆယ် ရေးနှင့်အရေးပေါ်လမ်းများ ရေနစ်မြုပ်ခဲ့သဖြင့် ကူးသန်းသွားလာရေးခက်ခဲသည့်အပြင် ဒါကာမြို့တွင်လည်း လူနေ အိမ်များနှင့် အခြေခံအဆောက်အအုံများ ရေဝင်ရောက်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ မိုး ထပ်မံ ရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း အာဏာပိုင်များက သတိပေး ထားသည်။ ထို့ပြင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းပါက ရေကြီးရေလျှံမှုအန္တရာယ်ရှိသည့် ဒေသများတွင် နေထိုင် သည့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းကြရန်နှင့် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်၊ ညွှန်ကြားချက် များကို လိုက်နာကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။ လက်ရှိတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့ သည့် ဒေသများတွင် ကူညီရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း Russia Today သတင်းဌာန ဖော်ပြချက်အရသိရသည်။

09 Oct

ADVERTISE HERE .