ကုန်ဈေးနှုန်းသတင်း ၈.၁၀.၂၀၂၆

08 Oct

အောက်တိုဘာလ ၈ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပဲလွန်းဖြူ၊ ဘိုကိတ်ပဲဈေးတွေ အနည်းငယ် တက်လာပြီး ကုလားပဲခြမ်းနဲ့ အာလူးဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၇,၀၀၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၅,၅၆၄ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၉၁၅ ကျပ်ကနေ ၅,၅၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၆,၃၂၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာ ကို ၄,၅၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၂,၃၄၅ ကျပ်ကနေ ၁၄,၅၁၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၈၀ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၄,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၆၇၅ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (အောင်ပန်း) တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၀၅၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ပုစွန်ခြောက် (မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၁၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၅၂၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၅၄၀ ကျပ်၊ မန္တလေးမှာ ၄,၆၉၅ ကျပ်၊ နေပြည်တော်မှာ ၄,၆၅၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၇၃၀ ကျပ်၊ မန္တလေး မှာ ၄,၈၈၅ ကျပ်၊ နေပြည်တော်မှာ ၄,၈၃၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၈၁၅ ကျပ်၊ မန္တလေးမှာ ၄,၉၆၅ ကျပ်၊ နေပြည်တော်မှာ ၄,၉၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၇၉၅ ကျပ်၊ မန္တလေးမှာ ၅,၉၅၀ ကျပ်၊ နေပြည်တော်မှာ ၅,၉၀၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၀၅၀,၀၀၀ိ/-) ခုနစ်ဆယ် ငါးသောင်း ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၀၅၀,၀၀၀ိ/-) သိန်းတစ်ရာ ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

08 Oct

ADVERTISE HERE .