“အမေရိကန်၏ ဩဂုတ်လ ကုန်သွယ်ရေးလိုငွေပြမှု ဆက်လက်မြင့်မားလာ”

08 Oct

တင်သွင်းမှု သိသိသာသာတိုးမြှင့်လာမှုကြောင့် အမေရိကန်၏ ဩဂုတ်လ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးလိုငွေပြမှုသည် ယခင်ကာလပတ်နှင့်နှိုင်းယှဉ်ပါက ၁၃.၇ ရာခိုင်နှုန်းတိုးမြှင့်ကာ အမေရိကန်ဒေါ်လာ ၁၀၅.၆ ဘီလီယံအထိ မြင့်တက်လာကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၆ ရက်ကထုတ်ပြန်သော စာရင်းအချက်အလက်အရ သိရသည်။ အမေရိကန်၏ ဩဂုတ်လ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု တင်ပို့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၁၅.၂ ဘီလီယံဖြစ်ပြီး ယခင်ကာလပတ်နှင့်နှိုင်းယှဉ်ပါက ၁.၄ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ကြောင်း၊ တင်သွင်းမှုပမာဏမှာ ယခင် ကာလပတ်နှင့်နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်းတိုးမြှင့်ကာ အမေရိကန်ဒေါ်လာ ၄၂၀.၈ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း စာရင်းအချက်အလက်တွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန်၏ ဩဂုတ်လ ကုန်ပစ္စည်းတင်ပို့မှုနှင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံနှင့် ၁၇.၂ ဘီလီယံအသီးသီး တိုးမြှင့်ခဲ့ကြောင်း၊ ၎င်းတို့အနက် စက်မှုလုပ်ငန်းကုန်ကြမ်းပစ္စည်းနှင့် အရင်းအနှီးဆိုင်ရာ ကုန်ပစ္စည်းတင်ပို့မှုများမှာ အမေရိကန်ဒေါ်လာ ၆.၃ ဘီလီယံနှင့် ၁.၃ ဘီလီယံ အသီးသီး တိုးမြှင့်ခဲ့ပြီး စားသုံးကုန် ပစ္စည်း တင်ပို့မှုမှာမူ ဒေါ်လာ ၂.၂ ဘီလီယံ ကျဆင်းခဲ့ကြောင်း၊ စက်မှုလုပ်ငန်း ကုန်ကြမ်းပစ္စည်းနှင့် အရင်းအနှီးဆိုင်ရာ ကုန်ပစ္စည်းတင်သွင်းမှုများမှာ အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံနှင့် ၆.၂ ဘီလီယံ အသီးသီးတိုးမြှင့်ခဲ့ပြီး အရင်းအနှီး ဆိုင်ရာ ကုန်ပစ္စည်းတင်သွင်းမှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၆.၄ ဘီလီယံရှိပြီး စံချိန်တင် အမြင့်ဆုံးအဆင့် သို့ ရောက်ရှိခဲ့ကြောင်း အချက်အလက်တွင် ဖော်ပြထားသည်။ ရာသီအလိုက် ပြင်ဆင်ချိန်ညှိမှု မပြုထားသော စာရင်းအချက်အလက်အရ အဓိကကုန်သွယ်ရေး မိတ်ဖက် နိုင်ငံများအနက် ဩဂုတ်လတွင် အမေရိကန်နှင့် မက္ကဆီကို၊ ဗီယက်နမ်၊ မလေးရှားတို့၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးလိုငွေမှာမူ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ၊ ၂၅ ဘီလီယံနှင့် ၅.၅ ဘီလီယံ အသီးသီးရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)

08 Oct

ADVERTISE HERE .