“ဟာဗက်ဇ် ရဲ့ တံကောက်ကြောဒဏ်ရာ ပြင်းထန်ခြင်းမရှိ”

08 Oct

ဂျာမနီလက်ရွေးစင်အသင်းကနေ အာဆင်နယ်အသင်းကို ပြန်ရောက်လာခဲ့တဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ရဲ့ တံကောက်ကြောဒဏ်ရာက မပြင်းထန်ပေမယ့် အချိန်ကာလတစ်ခုအထိ အနားယူရမှာဖြစ်ပါတယ်။ ဂျာမနီတိုက်စစ်မှူး ဟာဗက်ဇ် ဟာ စက်တင်ဘာလ ၂၅ ရက်က ကစားခဲ့တဲ့ နယ်သာလန်အသင်းနဲ့ပွဲမှာ ဒဏ်ရာ ရခဲ့ပြီးနောက် အာဆင်နယ်အသင်းကို ပြန်ရောက်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ အသေးစိတ်စစ်ဆေးမှုကို ပြုလုပ်ခဲ့ပြီးနောက် ဟာဗက်ဇ် ရဲ့ ဒဏ်ရာက မပြင်းထန်သလို ခွဲစိတ်ဖို့အထိ မလိုအပ်ဘူးလို့ အဖြေထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးကစားနိုင်ဖို့အတွက် ဒဏ်ရာကို ကုသမှုတွေ ပြုလုပ်ရမှာဖြစ်လို့ ပြန်ကစားနိုင်မယ့်အချိန် ကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဟာဗက်ဇ် ဟာ အခုရာသီအာဆင်နယ်အသင်းတိုက်စစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသလို သွင်းဂိုး ၃ ဂိုးလည်း သွင်းယူ ပေးထားသူဖြစ်လို့ အခုလို ဒဏ်ရာမပြင်းထန်တဲ့ သတင်းက နည်းပြ အာတီတာ အတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။ လာမယ့်စနေညမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် လိဒ်ယူနိုက်တက်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အခုပွဲအတွက် အသင်းတိုက်စစ်မှာ ဂျိုကာရက်ဇ် နဲ့ မီရီနို တို့ထဲက တစ်ယောက်ကို အသုံးပြုဖို့ နည်းပြ အာတီတာ ဆုံးဖြတ်ရဖွယ် ရှိနေပါတယ်။ (NVS 008)

08 Oct

ADVERTISE HERE .