“Nations League ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပေါ်တူဂီ နဲ့ စပိန်အသင်း”

08 Oct

၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို လက်ရှိချန်ပီယံ ပေါ်တူဂီနဲ့ စပိန်တို့ ပွဲမကုန်ခင်မှာပဲ တက်ရောက်နိုင်ခဲ့ကြကြောင်း သိရပါတယ်။ ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို စက်တင်ဘာ-အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ၄ ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ ပေါ်တူဂီနဲ့ စပိန်တို့က ကွာတား ဖိုင်နယ်တက်ရောက်နိုင်ဖို့ အဖြေထွက်သွားခဲ့ပါတယ်။ ပေါ်တူဂီနဲ့ စပိန် နှစ်သင်းစလုံးက ၄ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ယူကာ နောက်တစ်ဆင့်တက်နိုင်ခဲ့တာဖြစ်ပြီး ကျန်တဲ့အသင်းတွေက အဖြေမထွက်သေးဖြစ်ပါတယ်။ Nations League ပြိုင်ပွဲမှာ League A တစ်ခုတည်းသာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရတာဖြစ်ပြီး အုပ်စုလက်ကျန် နှစ်ပွဲကို နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပွဲစဉ်တွေကိုတော့ ၂၀၂၇ မတ်လမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းက ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။ (NVS 008)

08 Oct

ADVERTISE HERE .