“၂၀၃၀ အထိ နည်းပြ အာတီတာ ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တဲ့ အာဆင်နယ်အသင်း”

08 Oct

အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာ ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အာတီတာ ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်းက ၄ နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်ကြောင်း သိရပါတယ်။ စပိန်လူမျိုး အာတီတာ ဟာ အာဆင်နယ်အသင်းကို နှစ်ပေါင်း ၂၀ ကျော် ဝေးကွာနေခဲ့တဲ့ ပရီးမီးယား လိဂ်ချန်ပီယံဆု ပြန်လည်ရယူပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုများစွာ ရရှိနေသူ ဖြစ်ပါတယ်။ (NVS 008)

08 Oct

ADVERTISE HERE .