“ဂီတာဖေးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး လာလီဂါရဲ့ အတည်ပြုချက်ကိုစောင့်နေရတဲ့ ကာဗဂျယ်လ်”
08 Oct
ကာဗာဂျယ်လ် ဟာ ဂီတာဖေးအသင်းနဲ့ စာချုပ်ကိစ္စ သဘောတူညီမှုရရှိထားခဲ့ပြီ ဆေးစစ်မှုလည်း အောင်မြင်ပြီးဖြစ်ပေမယ့် လာလီဂါအဖွဲ့ချုပ်ရဲ့ လက်ခံအတည်ပြုမှုကို စောင့်နေရခြင်းဖြစ်ကြောင်း သိရပါတယ်။ လာလီဂါအဖွဲ့ချုပ်က ဂီတာဖေးအနေနဲ့ ကာဗာဂျယ်လ် ကို စာချုပ်ချုပ်ဆိုဖို့ လစာစည်းမျဉ်းနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကာဗာဂျယ်လ် ဟာ ရီးရဲလ်အသင်းမှာ ပွဲပေါင်း ၄၅၀ ကျော် ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ မက်ဒရစ်မြို့ခံကလပ်အသင်းပဲဖြစ်တဲ့ ဂီတာဖေး က ကာဗာဂျယ်လ် ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကာလတိုစာချုပ်သာ ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။ ကာဗာဂျယ်လ် က မေလမှာ ရီးရဲလ်အသင်းအတွက် နောက်ဆုံးပွဲ ကစားခဲ့တာကြောင့် ပွဲမကစားရတာ ၅ လ နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)