“ဟောင်ကောင်ကလပ် ရှားတင်အသင်းမှာ ပြန်ကစားမယ့် ဒေးဗစ်ဆေးလ်ဗား”
08 Oct
ကစားသမားဘဝက အနားယူထားတဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗား ဟာ ဟောင်ကောင်ကလပ် ရှားတင်အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗား ဟာ မန်စီးတီးအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့ သူဖြစ်ပြီး စပိန်အသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပါတယ်။ ဗလင်စီယာအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အစပြုခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗား က ၂၀၂၃ နွေရာသီမှာ ဆိုစီဒက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၇ ရက်မှာတော့ ဟောင်ကောင်ပရီးမီးယားလိဂ်ကလပ် ရှားတင်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဟောင်ကောင်မှာ ဘောလုံးကစားရမယ့်အခြေအနေအတွက် အရမ်းစိတ်လှုပ်ရှားကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
08 Oct