“သီးထပ်စိုက်ပျိုးမည့် အဓိကသီးနှံ ၁၀ မျိုးအတွက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးမည်”
08 Oct
သီးထပ်စိုက်ပျိုးမည့် အဓိကသီးနှံ ၁၀ မျိုးအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန် အသိပေးကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်အရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စိုက်ပျိုးစရိတ်ချေး ငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ မိုး၊ ဆောင်း၊ မိုးကြိုရာသီအလိုက် ထုတ်ချေးပေးလျက် ရှိကြောင်း သိရပါတယ်။ အဆိုပါ သီးထပ်စိုက်ပျိုးရေးချေးငွေ ထုတ်ချေးရာတွင် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲဇင်းငုံ၊ ချည်မျှင်ရှည်ဝါနှင့် ချက်ကြံ စသည့် အဓိကသီးနှံ ၁၀ မျိုးကို အဓိကထား၍ ထုတ်ချေးသွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါချေးငွေကို ၂၀၂၆ ခုနှစ်၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်မှ စတင်ထုတ်ချေးသွားမှာဖြစ်တဲ့အတွက် ၂၀၂၆ ခုနှစ်၊ ဆောင်းရာသီတွင် သီးထပ် စိုက်ပျိုးမည့် တောင်သူဦးကြီးများအနေနဲ့ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားတာဖြစ်ပါတယ်။ (NVS 008)