“ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် သီတင်းကျွတ်ကာလမှာ ပြန်လည်ကောင်းမွန်ရန် မျှော်မှန်းထား”

08 Oct

လက်ရှိမှာ ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်ငြိမ်၍ အရောင်းအဝယ်အေးနေပေမယ့် အငှားဈေးကွက်ကတော့ ပုံမှန်အတိုင်းရှိကြောင်းနှင့် လာမည့်သီတင်းကျွတ်ကာလမှာ အရောင်းအဝယ်ဈေးကွက် ပြန်လည်ကောင်းမွန်လာ နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါတယ်။ လက်ရှိမှာ ဝါတွင်းကာလဖြစ်တာကြောင့် အိမ်အပြောင်းအရွှေ့နည်းပါးတဲ့ ကာလဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးက စီးပွားရေးမြို့တော်ဖြစ်၍ အခြေခံအဆောက်အအုံများ ပြည့်စုံမှုရှိသဖြင့် ရန်ကုန်အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ဈေးချပြီး ရောင်းချခြင်းများ မရှိကြောင်း သိရပါတယ်။ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ပိုင်းငြိမ်နေပေမယ့် ရွှေ့ပြောင်းနေထိုင်မှုများပြားလာ ခြင်းကြောင့် မြို့တွင်းရှိ လူနေတိုက်ခန်းနှင့် ကွန်ဒိုအငှားဈေးကွက်မှာမူ ပုံမှန်ထက်ပိုမိုသွက်လက်ပြီး အငှားဈေးနှုန်း များလည်း မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

08 Oct

ADVERTISE HERE .