“မြန်မာ-မလေးရှား ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး”
08 Oct
မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContinental Kuala Lumpur Hotel ၌ ကျင်းပတဲ့ မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေး ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026)သို့ တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲကို မြန်မာနှင့်မလေးရှား နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များတိုးမြှင့်နိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)နှင့် မလေးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ဦးစီးကျင်းပ ခြင်းဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုး မြှင့်နိုင်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေးဆိုင်ရာအခြေအနေများကို ပြောကြားခဲ့ပါတယ်။ (NVS 008)