“ကမ္ဘာတစ်ဝန်းမှ စီးပွားရေးခေါင်းဆောင်များ AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲရေး ဆွေးနွေး”
08 Oct
ကမ္ဘာတစ်ဝန်းမှ စီးပွားရေးခေါင်းဆောင်များနှင့်ရင်းနှီးမြှုပ်နှံသူများသည် AI (ဉာဏ်ရည်တု) နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲရေးအပါအဝင် အကြောင်းအရာအများအပြားကို တွေ့ဆုံဆွေးနွေးရန် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေကြကြောင်း သိရသည်။ ဆွေးနွေးပွဲ၏ ရည်မှန်းချက်တစ်ခုမှာ AI ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ကမ္ဘာ့ ထိပ်တန်းမှ ဦးဆောင်လျက်ရှိသည့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အပေါ် မှီခိုအားထားမှုလျှော့ချရန် ဖြစ်သည်။ မေလ်ကင်န်အင်စတီကျုအာရှထိပ်သီးအစည်းအဝေး ၂၀၂၆ ကို အောက်တိုဘာလ ၇ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ယင်းမှာအကျိုးအမြတ်မယူသော အမေရိကန်အခြေစိုက်သုတေသနအဖွဲ့က ကြီးမှူးကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတစ်ခု ဖြစ်သည်။ အဆိုပါညီလာခံသို့ နိုင်ငံပေါင်း ၅၀ ခန့်မှ လူပေါင်း ၁,၅၀၀ ခန့် ပါဝင် တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။ ပထမနေ့၏ အဓိကဆွေးနွေးမည့် အကြောင်းအရာတစ်ခုမှာ Al ဘေးကင်း လုံခြုံရေးအပြင် အစိုးရများနှင့်ကုမ္ပဏီများအနေဖြင့် AI နည်းပညာကို လွတ်လပ်စွာ မည်ကဲ့သို့အသုံးပြုနိုင်မည်နည်း ဆိုသည်ကို ဆွေးနွေးသွားဖွယ်ရှိသည်။ အဆိုပါညီလာခံကို အောက်တိုဘာလ ၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။