“လိဒ်စ်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရဖွယ်ရှိနေတဲ့ ဂျိုကာရက်စ်”

07 Oct

Nations League ပြိုင်ပွဲမှာ ဂိုးသွင်းစံချိန်မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူး ဂျိုကာရက်စ် ဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။ ဂျိုကာရက်စ် ဟာ အခုနိုင်ငံတကာရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ Nations League (၃)ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး Nations League ပြိုင်ပွဲမှာ (၆)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကာရက်စ် ဟာ ၂၀၂၄-၂၅ ရာသီ Nations League ပြိုင်ပွဲတုန်းက နောက်ဆုံး(၃)ပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့ပြီး အခု ၂၀၂၆-၂၇ ရာသီမှာ ပထမဆုံး(၃)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကာရက်စ် ဟာ အခုရာသီ အာဆင်နယ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရပေမဲ့ လက်ရွေးစင်အသင်းမှာတော့ ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဂျိုကာရက်စ် အနေနဲ့ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားမှာသာ အာဆင်နယ်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မရရှိသေးကြောင်း သိရပါတယ်။(NVS 008)

07 Oct

ADVERTISE HERE .