“ပေါင်ကြွက်သားဒဏ်ရာကြောင့် ရှစ်ပတ်ခန့် အနားယူရဖွယ်ရှိတဲ့ အဲလက်စ်စကော့”
07 Oct
အင်္ဂလန်လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား အဲလက်စ်စကော့ ဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် ရှစ်ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ အဆိုပါ ကွင်းလယ်ကစားသမား အဲလက်စ်စကော့ အနေနဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အင်္ဂလန် အသင်းက ခရိုအေးရှားအသင်းကို ခုနစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲလက်စ်စကော့ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်သာ မက ကလပ်အသင်းဖြစ်တဲ့ ဘုန်းမောက်အသင်းတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အဲလက်စ်စကော့ ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂ဝ၂၆ ခုနှစ်မှသာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။(NVS 008)
07 Oct